(၂၂-၅-၂၀၂၅ ရက်၊ ဒါကာ)
မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင်ရှိ Hill Tracts Bhikkhu Council မှ အများစုပေါင်းလှူဒါန်းငွေ တာကာ ၁,၅၀၀,၀၀၀(အမေရိကန်ဒေါ်လာ ၁၁,၅၃၈ ခန့်) ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ ၂၂-၅-၂၀၂၅ ရက်တွင် လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများသို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။


