(၂၃-၄-၂၀၂၅ ရက်၊ ဒါကာ)
မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက်လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB) နှင့် စေတနာရှင်များမှ အများစုပေါင်းလှူဒါန်းငွေ တာကာ ၁,၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀,၇၆၉ ခန့်) ကို မြန်မာသံရုံး၊ ဒါကာမြို့သို့ ၂၁-၄-၂၀၂၅ ရက်တွင် လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေများကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများသို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်းသိရှိရပါသည်။ ထပ်မံ ထည့်ဝင်လှူဒါန်းငွေများ ရရှိလာပါကလည်း ထပ်မံအသိ ပေး ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။



