(၂၁-၅-၂၀၂၅ ရက်၊ ဗန်ကောက်)
မလေးရှားနိုင်ငံအခြေစိုက် Access Dunia Company and Staff ကုမ္ပဏီက ၂၀-၅-၂၀၂၅ ရက်တွင် အမေရိကန်ဒေါ်လာ ၅,၀၀၀ ကိုလည်းကောင်း၊ Dr. Thiam Chokwatana Foundation က ၂၁-၅-၂၀၂၅ ရက်၊ နေ့လည် ၁၄၃၀ နာရီတွင် ထိုင်းဘတ် ၃,၀၀၀,၀၀၀ ပမာဏ တန်ဖိုးရှိ သောက်ရေသန့်၊ မျက်နှာသုတ်စက္ကူ၊ အိမ်သာသုံး စက္ကူ၊ သွားတိုက်တံ၊ ရေစိုတစ်ရှူး၊ အဆာပြေ မုန့်များ၊ အသင့်စားခေါက်ဆွဲများ၊ ပဲနို့၊ နွားနို့၊ ငါးသေတ္တာ၊ ကလေးသုံးဒိုက်ဘာများ၊ ကွတ်ကီးများ၊ မျက်နှာသုတ်ပုဝါနှင့် ဆေးဝါးများကိုလည်းကောင်း ငလျင်ဘေးဒဏ်သင့်ခံခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးရန် မြန်မာသံရုံး၊ ဗန်ကောက်မြို့သို့ လာရောက်၍ လှူဒါန်းခဲ့ရာ သံအမတ်ကြီးဦးဇော်ဇော်စိုးမှ လက်ခံရယူခဲ့ပါသည်။


