မြန်မာသံရုံး၊ ရီရတ်ဒ်မြို့သည် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်း၍ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့ နေရ သည့် မြန်မာနိုင်ငံသား အမျိုးသမီး (၄) ဦးအား ကူညီပေးခဲ့ပြီး ၇-၅-၂၀၂၆ ရက် (ကြာသပတေးနေ့)တွင် ရီရတ်ဒ်-ဒိုဟာ-ဗန်ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။


