မြန်မာသံရုံး၊ ရီရတ်ဒ်မြို့သည် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်း၍ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့ နေရ သည့် မြန်မာနိုင်ငံသား အမျိုးသမီး (၆) ဦးအား ကူညီပေးခဲ့ပြီး ၂၆-၄-၂၀၂၆ ရက် (တနင်္ဂနွေနေ့) တွင် ရီရတ်ဒ်-ဒိုဟာ-ဗန်ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံသား အမျိုးသမီး(၆)ဦးအား မြန်မာသံရုံး၊ရီရတ်ဒ်မြို့မှ ကူညီ ပြန်လည်ပို့ဆောင်

