မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံသား အမျိုးသမီး(၈) ဦးအား မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ ကူညီ ပြန်လည်ပို့ဆောင် (၂၅-၄-၂၀၂၆၊ ရီရတ်ဒ်)

မြန်မာသံရုံး၊ ရီရတ်ဒ်မြို့သည် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်း၍ ဆော်ဒီအာရေဗျနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၈) ဦးအား ကူညီပေးခဲ့ပြီး ၂၅-၄-၂၀၂၆ ရက် (စနေနေ့) တွင် ရီရတ်ဒ်-ဒိုဟာ-ဗန်ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။