မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံသား အမျိုးသမီး (၄)ဦးအား မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ ကူညီ ပြန်လည်ပို့ဆောင်

(၁၅-၁-၂၀၂၆ ရက်၊ ရီရတ်ဒ်)

မြန်မာသံရုံး၊ရီရတ်ဒ်မြို့သည် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်း၍ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး(၄)ဦးအား ကူညီပေးခဲ့ပြီး ၁၃-၁-၂၀၂၆ ရက် (အင်္ဂါနေ့) ညနေပိုင်းတွင် ရီရတ်ဒ်-နယူးဒေလီ-ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။