ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးသည် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်း၍ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၄) ဦးအား ကူညီပေးခဲ့ပြီး ၁၁-၈-၂၀၂၆ ရက် (အင်္ဂါနေ့) တွင် ရီရတ်ဒ်-နယူးဒေလီ – ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

