(၂၈-၉-၂၀၂၅ ရက်၊ ရီရတ်ဒ်)
မြန်မာသံရုံး၊ ရီရတ်ဒ်မြို့သည် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်း၍ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၃) ဦးအား ကူညီပေးခဲ့ပြီး ၂၈-၉-၂၀၂၅ ရက် (တနင်္ဂနွေနေ့) တွင် ရီရတ်ဒ်-ဒိုဟာ-ဗန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
*******

