မြန်မာနိုင်ငံနှင့် နီကာရာဂွါသမ္မတနိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် (၅) နှစ်ပြည့် အထိမ်းအမှတ်အခါသမယတွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ပေးပို့

၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နီကာရာဂွါသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် (၅) နှစ်ပြည့် အထိမ်းအမှတ် အခါသမယတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာ ဒန်နီရယ် အော်တီဂါ ဆာဗေဒရာနှင့် မစ္စ ရိုဆာရီယို မူရီလို တို့သည် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်။

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်