မြန်မာနိုင်ငံနှင့် စီချွမ်းပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေး  (၁၄-၈-၂၀၂၅ ရက်)

(၁၄-၈-၂၀၂၅ ရက်၊ ချန်ဒူး)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ရှိ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီချွမ်း ပြည်နယ်နိုင်ငံခြားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Ma Cong အား ၁၄-၈-၂၀၂၅ ရက် တွင် ချန်ဒူးမြို့ရှိ စီချွမ်းပြည်နယ် နိုင်ငံခြားရေးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် စီချွမ်းပြည်နယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်ဖက်အကြား ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံနိုင်ရေးအတွက် ကိုဗစ်ကာလတွင် ရပ်ဆိုင်းထားခဲ့သည့် ချန်ဒူး-ရန်ကုန် ခရီးသည်တင် လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲနိုင်ရေး၊ စီချွမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအကြား စီးပွားရေး၊ ကူးသန်းရောင်း ဝယ်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် နှစ်ဖက်အကြား ချစ်ကြည် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေး စသည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။