မြန်မာကောင်စစ်ဝန်ချုပ်မှ မကာအိုပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့ ခေတ္တဒုတိယကော်မရှင်နာအား သွားရောက်တွေ့ဆုံ

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့၏ ခေတ္တဒုတိယကော်မရှင်နာ Mr. Wong Kim Hong အား ၁၄-၈-၂၀၂၆ ရက်၊ ၁၁၀၀ နာရီတွင် ၎င်း၏ ရုံးခန်း၌ သွားရောက် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မကာအိုရောက် မြန်မာနိုင်ငံသားအကျိုးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်ရှင်၏ အနိုင်ကျင့်မှုကြောင့် မြန်မာအလုပ်သမားများ ထိခိုက်နစ်နာရမှုများအပေါ် မျှတစွာ စီရင် ဆုံးဖြတ်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်အတွက်လည်းကောင်း၊ မကာအိုတွင် ဥပဒေချိုးဖောက်၍ ပြစ်ဒဏ်ကျခံရသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း အပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း မကာအို ပြည်သူ့လုံခြုံရေး ရဲတပ်ဖွဲ့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး

ဟောင်ကောင်မြို့

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်