မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ဘဏ္ဍာရေးဝန်ကြီး the Hon. Mr. Paul Chan Mo-po အား ၉-၇-၂၀၂၆ ရက်၊ ၁၁:၃၀ နာရီတွင် ၎င်း၏ ဧည့်ခန်း၌ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဟောင်ကောင်အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ အာရှဘဏ္ဍာရေးဖိုရမ်အပါအဝင် ဟောင်ကောင်ဒေသ၌ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲများ၊ အခမ်းအနားများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့များ ပိုမိုပါဝင်တက်ရောက်နိုင်ရေးနှင့် ဟောင်ကောင်သည် ပြည်ပယွမ်ငွေကြေးဈေးကွက် ဗဟိုချက်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များဖော်ဆောင်ရာတွင် ဟောင်ကောင်၏ ဘဏ္ဍာရေးနည်းပညာကျွမ်းကျင်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများမှတစ်ဆင့် ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ရေးတို့အပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။


