ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းမှ “A Celebration of Southeast Asian Coffees” ခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ ကော်ဖီမိတ်ဆက်ပြသပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက် တွင် ဟောင်ကောင်မြို့ရှိ Drop by Dough ကော်ဖီဆိုင်၌ စီစဉ်ကျင်းပခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့က “Origin” အမှတ်တံဆိပ် မြန်မာကော်ဖီဖြင့် ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါကော်ဖီမိတ်ဆက်ပြသပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုနှင့်အတူ ဟောင်ကောင်ဒေသရှိ အာဆီယံကောင်စစ်ဝန်ချုပ်များနှင့် အခြားသောကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းမှ တာဝန်ရှိသူ များ၊ ကော်ဖီလုပ်ငန်းရှင်များနှင့် အခြားသော ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါ ကော်ဖီမိတ်ဆက်ပြသပွဲတွင် ဧည့်သည်များအနေဖြင့် အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမောလက်စ်တေနှင့် ဗီယက်နမ်နိုင်ငံတို့မှ ထွက်ရှိသည့် ကော်ဖီစေ့များ၏ အနံ့နှင့် အရသာများကို နိုင်ငံအလိုက် အလှည့်ကျ မြည်းစမ်းခဲ့ကြပြီး Drop by Dough ကလည်း မုန့်များဖြင့် ဧည့်ခံခဲ့ပါသည်။



