(၁၂-၃-၂၀၂၆ ရက်၊ ဟောင်ကောင်)
မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်တွင် Tsim Sha Tsui ရှိ The Palace ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ဟောင်ကောင်ကျောက်စိမ်းအသင်း၏ နှစ် (၅၀) မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားနှင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကျောက်စိမ်းလက်ဝတ်ရတနာ ဒီဇိုင်းပြပွဲ၏ ဂုဏ်ပြုညစာစားပွဲသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။ အဆိုပါဂုဏ်ပြုညစာစားပွဲတွင် ဟောင်ကောင်ကျောက်စိမ်းအသင်းဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား တစ်ဦးချင်းမိတ်ဆက်လျက် ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်တွင် Hong Kong Convention and Exhibition Centre ၌ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကျောက်စိမ်းလက်ဝတ်ရတနာ ဒီဇိုင်းပြပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။



