မြန်မာကောင်စစ်ဝန်ချုပ်က “India’s Neighbourhood Policy: The Way Ahead” ဆွေးနွေးပွဲသို့ တက်ရောက်

(၃-၂-၂၀၂၆ ရက်၊ ကော်လ်ကတ္တား)

မြန်မာကောင်စစ်ဝန်ချုပ်သည် ၃-၂-၂၀၂၆ ရက်၊ နေ့လယ် ၂:၃၀ နာရီတွင် အိန္ဒိယသမ္မတ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကော်လ်ကတ္တားမြို့ Saturday Club, Phoenix Hall ၌ Indian Federation of UN Associations (Ifuna) နှင့် West Bengal Federation of United Nations Associations (Webfuna) တို့ပူးပေါင်းစီစဉ်ကျင်းပသည့် India’s Neighbourhood Policy; Way Ahead ဆွေးနွေးပွဲသို့ ဧည့်သည်တော်အဖြစ် စီးပွားရေးသံမှူးနှင့်အတူ ပါဝင်တက်ရောက်၍ Special session: “Economic Growth and Connectivity” တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ သံအမတ်ကြီးဟောင်း Mr.Anil Trigunayat IFS (Retd.) ၊ Indian Federation of UN Associations & West Bengal Federation of UN Associations ဥက္ကဋ္ဌ Mr. Sitaram Sharma နှင့် အဆိုပါအဖွဲ့များ တာဝန်ရှိသူများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီးရုံးမှ ပထမအတွင်းဝန်၊ TIPS Research Centre and Think Tank ၊ Observer Research Foundation (ORF)၊ နယူးဒေလီမြို့နှင့် ကော်လ်ကတ္တားမြို့ရှိ တက္ကသိုလ်များနှင့် ဆွေးနွေးပွဲ ပါဝင်ဆွေးနွေးသူများ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီဒီယာများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Special session သို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကောင်စစ်ဝန်ချုပ်က ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပါသည်။