မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြိုတင်ဆန္ဒမဲပေးနိုင်ရေး မဲရုံဖွင့်လှစ်ဆောင်ရွက်(၇-၁၂-၂၀၂၅ ရက်၊နန်နင်းမြို့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေေထွေရွေး ကောက်ပွဲတွင် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွမ်တုန်းပြည်နယ်နှင့် ဟူနန်ပြည်နယ်များမှ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာကောင်စစ် ဝန်ချုပ်ရုံး၊ နန်နင်းမြို့၌ ၆-၁၂-၂၀၂၅ ရက်နေ့နှင့် ၇-၁၂-၂၀၂၅ရက်နေ့အထိ မဲရုံဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။ မဲရုံမှူးအဖြစ် ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းက ကြီးကြပ်ဆောင်ရွက်၍ မြန်မာနိုင်ငံသားများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများသည် မဲရုံ၌ စည်းမျဉ်းများနှင့်အညီ စနစ်တကျ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။