(၁၄-၆-၂၀၂၅၊ ကူမင်း)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့က ကြီးမှူးကျင်းပသည့် မြန်မာ-တရုတ်သံတမန် ဆက်ဆံရေး (၇၅) နှစ်မြောက် အထိမ်းအမှတ်မြန်မာဘာသာစကားပြောစွမ်းရည် ြိုင်ပွဲကို ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်တိုင်းရင်းသားတက္ကသိုလ်တွ င် ၁၃-၆-၂၀၂၅ ရက် ကကျင်းပခဲ့ပါသည်။ အဆိုပါ မြန်မာဘာသာစကားပြောစွမ်းရည်ပြို င်ပွဲကို အခြေခံအဆင့်နှင့် အဆင့်မြင့်အဆင့်ဟူ၍ အဆင့် (၂) ဆင့်ဖြင့်ကျင်းပခဲ့ရာ မြန်မာဘာသာစကား လေ့လာသင်ကြား လျက်ရှိကြသော ယူနန်တိုင်းရင်းသားတက္ကသိုလ်မှ တရုတ်ကျောင်းသားကျောင်းသူများက “မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်၊ ဦးသွင်ထက်လင်း၊ ယူနန်တိုင်းရင်းသားတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် မစ္စတာ ရှောင်ဝေချင့်နှင့် ပါမောက္ခ၊ ဌာနမှူး ဆရာဆရာမများ၊ ကူမင်းမြို့ အခြေ စိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်က ဦးစွာ မိန့်ခွန်းပြောကြားခဲ့ပြီး ယူနန်တိုင်းရင်းသားတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲ များတွင် ဆုရရှိသူများကို မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်း၊ ယူနန်တိုင်းရင်းသားတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် မစ္စတာရှောင်ဝေချင့်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များက ဆုတံဆိပ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာဘာသာစကားလေ့လာနေသည့် တရုတ်နိုင်ငံ သားကျောင်းသားများက မြန်မာအကဖြင့်လည်းကောင်း၊ တရုတ်ဘာသာစကား လေ့လာလျက်ရှိ သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာ နမှ ဝန်ထမ်း (၈) ဦး က မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေ း အထိမ်းအမှတ်ကဗျာကို ရွတ်ဆိုခဲ့ပြီး တရုတ်တေးသီချင်းများဖြင့်လည်းကေ ာင်း သီဆိုဖျော်ဖြေ ခဲ့ကြပါသည်။
***************************



