မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံနှင့်ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရုံး၊ အာရှရေးရာဌာနမှ ညွှန်ကြားရေးမှူး တို့တွေ့ဆုံဆွေးနွေး(၂၈-၇-၂၀၂၃ ရက်)

(၂၈-၇-၂၀၂၃ ရက်၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံ သံမှူး ဒေါ်နီတာမြင့်သည် ၂၈-၇-၂၀၂၃ ရက်နေ့၊ (၁၀၃၀) နာရီတွင်  ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရုံး၌ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရုံး၊ အာရှရေးရာဌာနမှ ညွှန်ကြားရေးမှူး Mr. Xu Sheng နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဖြစ်‌ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်လုပ်ဆောင်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ 

အာရှရေးရာဌာန ညွှန်ကြားရေးမှူး Mr. Xu Sheng က ချုံချင့်မြူနီစီပယ်မြို့နှင့် မြန်မာနိုင်ငံအကြား နှစ်ဖက် အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ မြှင့်တင်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။