(၂၇-၂-၂၀၂၆ ရက်၊ ကော်လ်ကတ္တား)
မြန်မာကောင်စစ်ဝန်ချုပ်ဦးအောင်အောင်မျိုးသိမ်းသည်၂၆-၂-၂၀၂၆ ရက်၊ နံနက် ၁၀:၃၀ နာရီတွင် အိန္ဒိယသမ္မတနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကော်လ်ကတ္တားမြို့Hyatt Regency ဟိုတယ်၌ အိန္ဒိယ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်-အရှေ့ပိုင်းဒေသ (Confederation of Indian Industry – CII , Eastern Region) မှ ကြီးမှူးစီစဉ်ကျင်းပသည့် CII EXIM Conference 2026 ဖွင့်ပွဲအခမ်းအနားသို့ ဧည့်သည်တော်အဖြစ် စီးပွားရေးသံမှူးနှင့် အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယဆိပ်ကမ်း၊ သင်္ဘော နှင့် ရေကြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး Shri Shantanu Thakur က အဓိကဂုဏ်ပြုဧည့်သည်တော်အဖြစ်လည်းကောင်း၊ CII အရှေ့ပိုင်းဒေသ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဆပ်ကော်မတီဥက္ကဋ္ဌနှင့် Tata Steel Ltd ၏ ဒုတိယဥက္ကဋ္ဌ Mr. Sandeep Kumar၊ CII အရှေ့ပိုင်းဒေသ ဥက္ကဋ္ဌနှင့် RPSG Group ၏ ဒုတိယဥက္ကဋ္ဌ Mr. Shashwat Goenka၊ CII အရှေ့ပိုင်းဒေသအပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဆပ်ကော်မတီ ဒု-ဥက္ကဋ္ဌနှင့် Patton International Ltd ၏ ဥက္ကဋ္ဌ Mr. Sumit Goyal ၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယကောင်စစ်ဝန်ချုပ်၊ ဖင်လန်နိုင်ငံမှကုန်သွယ်ရေးကိုယ်စားလှယ်၊ ကော်လ်ကတ္တားမြို့ရှိ စီးပွားရေး အသင်းအဖွဲ့များနှင့်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မီဒီယာများ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါညီလာခံကို ကမ္ဘာ့ကုန်သွယ်မှုအလားအလာနှင့် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၏ ပို့ကုန်ပမာဏကို အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိ ရောက်ရှိစေမည့် မဟာဗျူဟာများ ကို ဆွေးနွေးရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက လိုက်ဖေါ်ကိုင်ဖက်နိုင်ငံ အဖြစ် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာ-အိန္ဒိယ ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ညီလာခံတွင် တန်ဖိုးမြှင့်အင်ဂျင်နီယာနှင့် သတ္တုပို့ကုန်ဆိုင်ရာ အဖွဲ့ လိုက်ဆွေးနွေးပွဲ (Panel Discussion on Value-Added Engineering & Metal Exports)၊ မော်တော်ယာဉ်အစိတ်အပိုင်းများ ပို့ကုန်မြှင့်တင်ရေး အဖွဲ့လိုက်ဆွေးနွေးပွဲ (Panel Discussion on Exports of Auto Component) ၊ အိန္ဒိယ-ဖင်လန် တွေ့ဆုံဆွေးနွေးပွဲ (India-Finland Dialogue)၊ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များ (FTAs) ဆိုင်ရာဆွေးနွေးပွဲ (Session on Decoding FTAs) များကို အပိုင်းလိုက် ဆွေးနွေးခဲ့ကြပါသည်။


