(၂၃-၃-၂၀၂၃ ရက်၊ ချုံချင့်)
ချုံချင့်မြူနီစီပယ်မြို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကော်မရှင်နှင့် စစ်ချွမ်းပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန တို့ပူးတွဲလျက် ချုံချင့်မြူနီစီပယ်မြို့၌ Seminar on Consulates and Economic and Trade Promotion Agencies in Sichuan and Chongqing into the Twin Cities Economic Circle (Chongqing Station) ကို ၂၃-၃-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ချုံချင့်မြူနီစီပယ်မြို့နှင့် စစ်ချွမ်းပြည်နယ် အခြေစိုက် နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများ၊ နိုင်ငံခြားစီးပွားရေး ကိုယ်စားလှယ်ရုံးများ၊ ချုံချင့်နှင့် စစ်ချွမ်းဒေသမြို့များရှိ အထူးစီးပွားရေးဇုန်များမှ အစိုးရတာဝန်ရှိသူများ၊ ကုန်သည်/စီးပွား အသင်းအဖွဲ့များ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ချုံချင့်မြူနီစီပယ်မြို့နှင့် စစ်ချွမ်းပြည်နယ် စီးပွားရေးရာဌာနများမှ တာဝန်ရှိ အကြီးအကဲများက အဆိုပါဒေသများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့်မူဝါဒများ၊ ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော နိုင်ငံခြားကောင်စစ်ဝန်ချုပ်များနှင့် စီးပွားရေးကိုယ်စားလှယ်များက သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ တရုတ်နိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးအခွင့်အလမ်းများကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ရာ ချုံချင့်မြို့အခြေစိုက် မြန်မာ ကောင်စစ်ဝန်ချုပ် ဦးဇော်လင်းဦးမှလည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။



