မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ International Working Women’s day 2023 တွင် ပါဝင်တက်ရောက်(၇-၃-၂၀၂၃ရက်)

(၇-၃-၂၀၂၃၊ ကူမင်း)

ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ကြီးမှူး၍ International Working Women’s day 2023 အခမ်းအနားကို ၇-၃-၂၀၂၃ ရက်နေ့တွင် ကူမင်းမြို့ရှိ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် Ms. Yang Mu နှင့် ယူနန်နိုင်ငံခြားရေးရုံးမှ အမျိုးသမီးသံတမန်များ၊ ကူမင်းမြို့ အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီးကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်ချုပ်များ၏ ဇနီးများ၊ အမျိုးသမီးသံတမန်များ၊ တရုတ်နိုင်ငံမှ စွန့်ဦးတီထွင် အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြ ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အိမ်ရှင်နိုင်ငံမှ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ကြပြီး အာဆီယံ နိုင်ငံများမှလည်း အဆိုအကများဖြင့် ပြန်လည်ဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။