(၁၂-၇-၂၀၂၂ ၊ ချုံချင့်မြို့)
ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကို ၁၂-၇-၂၀၂၂ရက်နေ့ ၁၅:၀၀ နာရီတွင် ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်ထားရှိသည့်World Financial Centre ရှိ Lixury Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမျိုးသန့်ဖေ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ချုံချင့်မြူနီစီပယ်အုပ်ချုပ်ရေးမြို့တော်၏ ဒုတိယမြို့တော်ဝန် Mr. Dan Yanzheng၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wei Xiaodong ၊ ချုံချုင့်နိုင်ငံခြားရေးရာရုံး ညွှန်ကြားရေးမှူးချုပ် Ms. Wang Wen ၊ ယွီကျုံးခရိုင် ပါတီအတွင်းရေးမှူး Mr. Zhao Shiqing၊ ယွီကျုံးခရိုင်ဝန် Mr. Huang Maojun၊ ချုံချင့်မြို့အခြေစိုက် ကမ္ဘောဒီယား၊ ကနေဒါ၊ ဖိလစ်ပိုင်၊ ဘယ်လာရုစ်၊ ဟန်ဂေရီ၊ အီတလီနှင့် ဥရုဂွေးနိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များ၊ ဒုတိယကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ချန်သူးမြို့အခြေစိုက် ကိုရီးယား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များ၊ ဒုတိယကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချုံချင့်မြူနီစီပယ်ကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ဖလှယ်ခဲ့ကြပြီး၊ ပိရှန်းခရိုင်တွင် မြန်မာပရိုမိုးရှင်းစင်တာ ဖွင့်လှစ်ခြင်းကို အတည်ပြုခဲ့ကြပါကြောင်း သိရှိရပါသည်။






