မြန်မာကိုယ်စားလှယ်အဖွဲ့ ASEAN-Korea Center ၏ Executive Board အစည်းအဝေးသို့ ပါဝင်တက်ရောက်

(၂၄-၄-၂၀၂၆ ရက်၊ ဆိုးလ်)

၂၃-၄-၂၀၂၆ ရက် နံနက်ပိုင်း၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ အာဆီယံ-ကိုရီးယား ဗဟိုဌာန (ASEAN-Korea Centre) ၌ ကျင်းပသော Executive Board အစည်းအဝေးသို့ မြန်မာသံရုံးမှ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် Executive Board အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သံရုံး ဒုတိယအကြီးအကဲ Mr. Edwin Gil Mendoza က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံ-ကိုရီးယားဗဟိုဌာနရှိ Trade and Investment Unit၊ Culture and Tourism Unit၊ Information and Data Unit နှင့် Development Planning and General Affair Unit တို့မှ ဌာနအကြီးအကဲများက ၂၀၂၆ ခုနှစ် အတွင်း ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများမှလည်း နိုင်ငံအလိုက် ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။