မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် လိုက်ပါလျက် နန်နင်းမြို့အစိုးရနှင့် တွေ့ဆုံဆွေးနွေး (၂၃-၅-၂၀၂၅ ရက်)

 (၂၃-၅-၂၀၂၅ ရက်၊ နန်နင်း) 
 
 မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ ၁၉-၅-၂၀၂၅ ရက်နေ့မှ ၂၃-၅-၂၀၂၅ ရက်နေ့အထိ လေ့လာရေးခရီးလာရောက်ခဲ့ပါသည်။ 
 နန်နင်းမြို့သို့ ရောက်ရှိပြီးနောက် ၂၁-၅-၂၀၂၅ ရက်နေ့တွင် နန်နင်းမြို့၊ ဒုတိယ မြို့တော်ဝန် H.E. Mr. Guo Wei က ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ် ပြီးနောက် တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးမှုများအတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ကာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ လာရောက်မြှုပ်နှံရေးစသည်ဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်နိုင်မည့် အလားအလာများကို အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
 ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့သို့ ပြန်လည်မထွက်ခွာမီ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ အဆင့်မြင့်နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ ဆိုင်ရာကုမ္ပဏီများသို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။