“မိုခါ” မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ THL Networks Co., Ltd. နှင့် The Asian Union Forum တို့မှ အလှူငွေများ လာရောက်‌ ပေးအပ်လှူဒါန်း(၂၉-၅-၂၀၂၃ ရက်)

(၂၉-၅-၂၀၂၃ ရက်၊ ဆိုးလ်)

ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆိုးလ်မြို့ အခြေစိုက် THL Networks Co., Ltd ဥက္ကဋ္ဌ Mr. Cheong Sang-Jin က အလှူငွေ ကိုရီးယားဝမ် ၁,၀၀၀,၀၀၀ (ကိုရီးယားဝမ်တစ်သန်းတိတိ)  နှင့် The Asian Union Forum က အလှူငွေ ကိုရီးယားဝမ် ၁,၀၀၀,၀၀၀ (ကိုရီးယားဝမ်တစ်သန်းတိတိ) တို့ကို ၂၉-၅-၂၀၂၃ ရက်နေ့တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်၍ ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အလှူငွေများကို လက်ခံခဲ့ပါသည်။

ထို့နောက် သံအမတ်ကြီး ဦးသန့်စင်က မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်းပြောကြားကာ အခုကဲ့သို့ မုန်တိုင်းသင့်ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးသည့်အတွက် မြန်မာအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြား၍ ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။