မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Yunnan Jade Empire Network Technology Co; Ltd. မှ အလှူတော်ငွေထည့်ဝင်(၄-၉-၂၀၂၃ ရက်)

(၄-၉-၂၀၂၃ ရက်၊ ပေကျင်း)

နေပြည်တော်၌တည်ထားကိုးကွယ်သည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yunnan Jade Empire Network Technology Co; Ltd မှ CEO ဖြစ်သူ Mr. Zhao Zhang Ao မှ အလှူတော်ငွေတရုတ်ယွမ် (၁၅၀,၀၀၀) အား ၄-၉-၂၀၂၃ ရက်၊ (၁၀၀၀) နာရီ၌ မြန်မာသံရုံး၊ ပေကျင်းမြို့သို့လာရောက်၍ သံအမတ်ကြီးဦးတင်မောင်ဆွေထံသို့ လာရောက်ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။