မဟာချိုင်မြို့၌ ဖွင့်လှစ်ထားရှိသော ယာယီအချက်အလက် ကောက်ယူရေးဌာန (TDCC)နှင့် CI စခန်းတို့သို့ မြန်မာသံအမတ်ကြီး သွားရောက်ကြည့်ရှု (၂၂-၈-၂၀၂၅ ရက်)

(၂၂-၈-၂၀၂၅ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် စမုစခွန်ခရိုင်၊ မဟာချိုင်မြို့၌ ဖွင့်လှစ်ထားရှိသော ယာယီအချက်အလက်ကောက်ယူရေးဌာန (TDCC)နှင့် CI စခန်းသို့ သွားရောက်ကြည့်ရှုပြီး TDCC စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ CI စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ CI သက်တမ်းတိုး လာရောက်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသား အလုပ်သမားများအား တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ သံအမတ်ကြီးသည် CI စခန်း၌ ရောက်ရှိနေသော ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ အလုပ်အကိုင်ဦးစီးဌာန (DoE) တာဝန်ခံ Mr. Wanchai Sakhon Maneerat အား တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် သံအမတ်ကြီးက CI မှ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်း၊ CI သက်တမ်းတိုးခြင်း လုပ်ငန်းများအား လုံခြုံမှုရှိစွာဖြင့် လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် တာဝန်ကျဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ခံကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။