မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးသည် မြန်မာနိုင်ငံတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များလုပ်ကိုင်ရာတွင် အထောက်အကူပြု သုံးစွဲနိုင်ရေးအတွက် မလေးရှားနိုင်ငံ၊ ပီနန်မြို့ အခြေစိုက် Penang Cares Association မှ လှူဒါန်းသည့် ရင်းဂစ် ၁၀၀,၀၀၀/- ချက်လက်မှတ်ကို ပီနန်မြို့ရှိ Pen Mutiara Hotel and Restaurant တွင် အခမ်းအနားဖြင့် လက်ခံရယူခဲ့ပါသည်။
အဆိုပါ လှူဒါန်းငွေအား မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား Penang Cares Association ၏ ဥက္ကဋ္ဌဖြစ်သူ Dato’ Seri Suppiah Manikam ထံသို့ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားကြောင်း သိရှိရပါသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေများအား လက်ခံရယူ(၁၂-၁၁-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)

