(၅-၁၂-၂၀၂၅၊ နယူးဒေလီမြို့)
အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဇော်ဦး သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ ၁၉း၀၀ နာရီတွင် Erawaan, Claridges Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ASEAN New Delhi Committee (ANDC) ၏ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ သံအမတ်ကြီးက အိန္ဒိယနိုင်ငံသို့ မကြာသေးမီက ရောက်ရှိတာဝန်ထမ်းဆောင်သည့် ဘရူနိုင်းနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့ဝင် သစ် တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီးတို့အား ကြိုဆိုတည်ခင်းဧည့်ခံသည့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညစာစားပွဲသို့ အာဆီယံသံအမတ်ကြီးများနှင့် သံရုံးဒုတိယအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
******************



