မန္တလေးငလျင်ကြီး (၁) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားပြပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်ပြသ

(၂၈-၃-၂၀၂၆ ရက်၊ နေပြည်တော်)

မန္တလေးငလျင်ကြီး (၁) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားအား ၂၀၂၆ ခုနှစ်၊ မတ်လ (၂၈) ရက်၊ ၁၂၄၅ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၁ တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနအသီးသီးက မန္တလေးငလျင်ကြီးပြီးနောက်  ၎င်းတို့၏တုံ့ပြန်ဆောင်ရွက်ချက်များနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများအား ပြခန်းများဖွင့်လှစ်ပြသခဲ့ပါသည်။

အဆိုပါပြခန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ကြောင့် ဝန်ကြီးဌာန နှင့် ဝန်ထမ်းအိမ်ယာအဆောက်အဦများ ပြိုကျပျက်စီးမှုနှင့် ပြန်လည်တည်ဆောက် ပြီးစီးသည့် အနေအထားများ၊ ငလျင်ပြီးနောက် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီများ အချိန်နှင့်တပြေးညီ ရောက်ရှိရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့သည့် အခန်းကဏ္ဍများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်မှုများအား ပြသခဲ့ပြီး၊ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါသည်။