မကာအိုဒေသ၌ ကျင်းပသည့် 12th Fellowship Convention of the World Overseas Chinese of Myanmar ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက် အမှာစကားပြောကြား

(၂၄-၄-၂၀၂၆ ရက်၊ ဟောင်ကောင်)

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ၁၉-၄-၂၀၂၆ ရက် (တနင်္ဂနွေနေ့)၊ ၀၉:၃၀ နာရီတွင် မကာအိုအထူးအုပ်ချုပ်ရေးဒေသရှိ Macau Tower ၌ Macau Myanmar Overseas Chinese Association မှ ကြီးမှူးကျင်းပသည့် 12th Fellowship Convention of the World Overseas Chinese of Myanmar ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များသည် အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး၊ Fellowship Convention of the World Overseas Chinese of Myanmar စတင်ခဲ့သည့် သမိုင်းကြောင်း မှတ်တမ်းဗီဒီယို ဖွင့်လှစ်ပြသမှုကို ကြည့်ရှုခဲ့ကြပါသည်။ ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဧည့်သည်တော်များဖြစ်သည့် All-China Federation of Returned Overseas Chinese ဒုတိယဥက္ကဋ္ဌ Mr. Gao Feng ၊ Guangdong Overseas Friendship Association ဒုတိယဥက္ကဋ္ဌ Ms. Pang Goumei နှင့် Macau Myanmar Overseas Chinese Association ဥက္ကဋ္ဌ Mr. Hong Jinle တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။

အဆိုပါအခမ်းအနားကို “Uniting the Hearts of Overseas Chinese and Promoting Development Together” ခေါင်းစဉ်ဖြင့် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်(တရုတ်-တိုင်ပေ)နှင့် အမေရိကန်ပြည်ထောင်စု စသည်ဖြင့် ပြည်ပတွင် ရောက်ရှိနေသော မြန်မာပြည်ဖွား တရုတ် လူမျိုးများ စုစည်း၍ Macau Foundation နှင့် Macau Government Tourism Office တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အခမ်းအနားသို့ မကာအို အထူးအုပ်ချုပ်ရေး ဒေသအစိုးရ တာဝန်ရှိသူများနှင့် ဟောင်ကောင်မြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။