မကာအိုဒေသ၌ ကျင်းပသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား များသို့ မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်

(၂၄-၄-၂၀၂၆ ရက်၊ ဟောင်ကောင်)

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ၁၉-၄-၂၀၂၆ ရက် (တနင်္ဂနွေနေ့) ၁၂၃၀ နာရီတွင် မကာအိုမြို့ရှိ Dr. Sun Yat Sen Municipal Park ၌ Macau Myanmar Friendship Association နှင့် Macau Overseas Workers Association တို့မှ ပူးပေါင်း စီစဉ်ကျင်းပသည့် မကာအိုမြို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ မကာအိုအခြေစိုက် ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်ရုံးနှင့် ဟောင်ကောင်အခြေစိုက် နီပေါကောင်စစ်ဝန်ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။

ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်သည် (၁၅း၀၀)နာရီတွင် မကာအိုမြို့ရှိ မီးသုံးလုံး ရင်ပြင်၌ Macau Myanmar Overseas Chinese Association မှ ဦးဆောင်ကျင်းပသည့် (၂၈) ကြိမ်မြောက် မကာအိုမြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ရေသဘင်ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ မကာအို အထူးအုပ်ချုပ်ရေးဒေသအစိုးရ တာဝန်ရှိသူများနှင့်အတူ ပါဝင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် Macau Myanmar Overseas Chinese Association ဥက္ကဋ္ဌတို့က အမှာစကားများပြောကြားခဲ့ကြပါသည်။

အဆိုပါ (၂၈)ကြိမ်မြောက် မကာအိုမြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ မကာအိုဒေသအခြေစိုက် ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်နှင့် ဟောင်ကောင်မြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။