(၃၀-၁၀-၂၀၂၅ ရက်၊ ချင်းမိုင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ချင်းမိုင်မြို့ရှိ အပြည်ပြည်ဆိုင်ရာပြပွဲနှင့် ကွန်ဗန်းရှင်းဗဟိုဌာန၌ ၃၀-၁၀-၂၀၂၅ ရက်တွင် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ကြီးမှူးကျင်းပပြုလုပ်သည့် ထိုင်းနိုင်ငံ၊ ဘုရင် မဟာဝိဇယ လောင်ကွန်း ၏ မယ်တော် ဘုရင်မကြီး သီရိခေတ် နတ်ရွာစံသည့် (၇) ရက်ပြည့်အဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်း၏ သံဃာ့ရာဇာဆရာတော်ကြီးအမှူးရှိသော သံဃာတော်အရှင်သူမြတ် (၁၀)ပါးတို့ထံ သင်္ကန်းအစရှိသည့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဘုရင်မကြီး သီရိခေတ်အတွက် ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ချင်းမိုင်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်ချုပ်ရုံး ဒုတိယ အကြီးအကဲများ၊ ချင်းမိုင်ခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

