ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးသက်နောင်က ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲထံ ခန့်အပ်လွှာမိတ္တူပေးအပ် (၂၇-၈-၂၀၂၆၊ ဘန်ဒါဆရီဘီဂါဝန်)

ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးသက်နောင်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် (ကြာသပတေးနေ့) နံနက် ၁၁၀၀ နာရီတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲဖြစ်သူ အမြဲတမ်းအတွင်းဝန် Haji Muhamad Fakhri bin Haji Mohd Taib ထံ သွားရောက်တွေ့ဆုံ၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာ (မိတ္တူ) အား ပေးအပ်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် ဘရူနိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေး တိုးမြှင့်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေး‌နွေးခဲ့ကြပါသည်။