ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mr. Chia Wei အား လက်ခံတွေ့ဆုံခဲ့ခြင်း (၁၆-၇-၂၀၂၆၊ ဘရာဇီးလျား)

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mr. Chia Wei အား ၁၆-၇-၂၀၂၆ ရက် (ကြာသပတေးနေ့)၊ ၁၄၀၀ နာရီတွင် မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
​ထိုသို့တွေ့ဆုံစဉ် ဘရာဇီးလျားမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် အိမ်ရှင်ဘရာဇီးလ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ဆက်ဆံရေးနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ-ဘရာဇီးလျားကော်မတီ၏ လုပ်ငန်းဆောင်တာများနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မြန်မာသံရုံးနှင့် စင်ကာပူသံရုံးတို့အကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သံရုံးအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။