(၂၂-၁-၂၀၂၆ ရက်၊ ဘရာဇီးလျား)
ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ သည် ၂၁-၁-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) ၁၅၀၀ နာရီတွင် ဘရာဇီးလ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဒုတိယအမြဲတမ်းအတွင်းဝန် Mr. Augusto Lui Billi အား ဘရာဇီးလ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန အဆောက်အဦ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဘရာဇီးလ်ဘက်မှ အဆိုပြုထားသည့် (မူကြမ်း) နှင့် မြန်မာဘက်မှ ပြန်လည်ပြင်ဆင်ပေးပို့ထားသည့် (မူကြမ်း) တို့ကို အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခဲ့ကြပြီး ညှိနှိုင်းသဘောတူညီမှုရယူခဲ့ကြပါသည်။
အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။


