ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် အာဆီယံ-အီးယူ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်(၇-၁၀-၂၀၂၂ ရက်)

(၇-၁၀-၂၀၂၁၊ ဘရပ်ဆဲလ်)

အာဆီယံ-အီးယူ (၄၅) နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း ၍ အာဆီယံ-အီးယူ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလ (၇) ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအဆင့်မြင့် အရာရှိကြီးကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်မှ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ အာဆီယံ-အီးယူ ထိပ်သီးအဆင့်အစည်းအဝေးနှင့် ပတ်သက်၍ အုပ်ချုပ်မှု ဆိုင်ရာ ပြင်ဆင်ထားရှိသည့် အခြေအနေများ၊ ထိပ်သီးအစည်းအဝေး၏ side events ဖြစ်သည့် (၁၀) ကြိမ်မြောက် အာဆီယံ-အီးယူ စီးပွားရေးထိပ်သီးအစည်းအဝေး (10th ASEAN-EU Business Summit) နှင့် အာဆီယံ-အီးယူ လူငယ်လူရွယ်များ အစည်းအဝေး (ASEAN-EU Youth Summit) ကျင်းပပြုလုပ်နိုင်ရေးနှင့် ပတ်သက်သည့် စီစဉ်ထားရှိမှု အခြေအနေနှင့် ထိပ်သီးအစည်းအဝေးရလဒ်များ (outcome documents) အဖြစ် ထုတ်ပြန်ကြေညာမည့် အာဆီယံ-အီးယူ (၄၅) နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ဆိုင်ရာ အာဆီယံ-အီးယူ ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်၊ အာဆီယံ-အီးယူ လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) နှင့် လာမည့် ၂၀၂၃ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အာဆီယံ-အီးယူ အဆင့်မြင့်အရာရှိကြီးများ အဆင့် အစည်းအဝေးနှင့် အာဆီယံ-အီးယူ ဝန်ကြီးများအဆင့် အစည်းအဝေးတို့နှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးအား ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (EEAS)၊ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး H.E. Mr. Gunnar Wiegand နှင့် အာဆီယံ-အီးယူ ညှိနှိုင်းရေးမှူး ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ အဆင့်မြင့် အရာရှိကြီး H.E. Mrs. MA. THERESA P. LAZARO တို့မှ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အီးယူကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ် ရုံးမှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။