ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ-ဘရပ်ဆဲလ်ကော်မတီအစည်းအဝေး ၄/၂၀၂၀ သို့ တက်ရောက်ခဲ့ခြင်း

(၃၀-၆-၂၀၂၀ ရက်၊ ဘရပ်ဆဲလ်မြို့)

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ လက်ရှိဥက္ကဋ္ဌဖြစ်သော ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးမှ အိမ်ရှင်အဖြစ် ကြီးမှူး၍ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အစည်းအဝေး ၄/၂၀၂၀ ကို ၂၅-၆-၂၀၂၀ ရက်တွင် ဘရပ်ဆဲလ်မြို့၊ ဖိလစ်ပိုင်နိုင်ငံသံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်မှ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေး၌ တက်ရောက်လာသော သံအမတ်ကြီးများ/သံရုံးအကြီးအကဲများသည် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီနှင့် ဥရောပသမဂ္ဂဆိုင်ရာကောင်စီ အလှည့်ကျဥက္ကဋ္ဌ အီးယူဆိုင်ရာ ဂျာမန်အဖွဲ့ရုံးများဖြင့် ပူးပေါင်းပြုလုပ်သွားရန် စီစဉ်လျက်ရှိသည့် ဘရပ်ဆဲလ်အခြေစိုက် အာဆီယံ-အီးယူ ကိုယ်စားလှယ် အဖွဲ့ရုံးများအကြား ဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များ၊ ကမ္ဘာတစ်ဝန်း COVID -19 ကူးစက်ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အီးယူနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိ COVID -19 ကာကွယ်ရေး၊ ကုသရေးနှင့် စီးပွားရေးအရ ကုစားမှုအစီအစဉ်များ၊ အာဆီယံ-အီးယူအကြား နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို အဓိကထား အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံမှ စင်ကာပူနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။