ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ၁၁-၇-၂၀၂၆ ရက်၊ ၁၇၃၀ နာရီအချိန်တွင် ဘယ်လာရုစ်နိုင်ငံ၊ မော့်ဂ်လော့ဖ်ဒေသ၊ အလက်ဇန်းဒရီးယား (Aleksandriya) ကျေးရွာ၌ ကျင်းပပြုလုပ်သည့် သမ္မတမွေးရပ်မြေတွေ့ဆုံပွဲနှင့် Kupala Night Festival သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနှင့် ၎င်း၏မိသားစု၊ ဘယ်လာရုစ်နိုင်ငံ ဒေသအသီးသီးမှပြည်သူများ၊ မင့်စ်မြို့အခြေစိုက် ပြည်ပသံရုံးများမှ ဖိတ်ကြားထားသည့် သံအမတ်ကြီးများ၊ သံတမန်များနှင့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။



