ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ဘယ်လာရုစ်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ဒေသ၊ Myadel ခရိုင်ရှိ Zubrenok National Children’s Educational and Wellness Center ၌ ၃၀-၇-၂၀၂၆ ရက် (ကြာသပတေးနေ့)၊ ၁၇:၀၀ နာရီတွင် ကျင်းပပြုလုပ်သည့် “Zubrenok gathers friends” အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဘယ်လာရုစ်သမ္မတ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ Zubrenok Camp သို့ ရောက်ရှိလျက်ရှိသည့် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူ (၂၀) ဦးအပါအဝင် လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကျောင်းသား/ကျောင်း သူများသည် ဘယ်လာရုစ်ကျောင်းသားလူငယ်များနှင့်အတူ ရိုးရာယဉ်ကျေးမှုအက၊ အလှတို့ဖြင့် ပါဝင်ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး မင့်စ်ဒေသဆိုင်ရာ အမှုဆောင်ကော်မတီအကြီးအကဲ၊ မင့်စ်မြို့အခြေစိုက် ဗီယက်နမ်သံရုံးမှ ဖိတ်ကြားထားသည့် သံရုံးအကြီးအကဲ၊ သံတမန်များနှင့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။


