ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုး Vitebsk ဒေသ၊ Glubokoe မြို့၌ ကျင်းပပြုလုပ်သည့် International Cherry Festival သို့ ပါဝင်တက်ရောက် (၂၅-၇-၂၀၂၆၊ မင့်စ်)

ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ဘယ်လာရုစ်နိုင်ငံ၊ Vitebsk ဒေသဆိုင်ရာ အမှုဆောင်ကော်မတီ၏ ဖိတ်ကြားချက်အရ ၂၅-၇-၂၀၂၆ ရက်၊ ၁၀၃၀ နာရီအချိန်တွင် Vitebsk ဒေသ၊ Glubokoe မြို့၌ ကျင်းပပြုလုပ်သည့် International Cherry Festival သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ အဖွဲ့ဝင် (၁၅) ဦးပါ မြန်မာရိုးရာယဉ်ကျေးမှု အနုပညာရှင်အဖွဲ့ကလည်း ဘယ်လာရုစ်နိုင်ငံနှင့် အခြားဖိတ်ကြားထားသည့် ပြည်ပနိုင်ငံများမှအနုပညာရှင် အဖွဲ့များနှင့်အတူ ပါဝင်ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး Vitebsk ဒေသဆိုင်ရာ အမှုဆောင်ကော်မတီအကြီးအကဲ၊ Glubokoe မြို့တော်ဝန်၊ မင့်စ်မြို့အခြေစိုက် ပြည်ပသံရုံးများမှ ဖိတ်ကြားထားသည့် သံအမတ်ကြီးများ၊ သံတမန်များနှင့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။