(၁၆-၇-၂၀၂၆၊ မင့်စ်)
ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ဘယ်လာရုစ်နိုင်ငံ၊ Vitebsk ဒေသဆိုင်ရာ အမှုဆောင်ကော်မတီ၏ ဖိတ်ကြားချက်အရ ၁၆-၇-၂၀၂၆ ရက်၊ ၁၈:၃၀ နာရီချိန်တွင် ဘယ်လာရုစ်နိုင်ငံ၊ Vitebsk မြို့၌ ကျင်းပပြုလုပ်သည့် Slavianski Bazaar သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ “အနုပညာမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် အပြန်အလှန်နားလည်မှုဆီသို့” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သည့် အဆိုပါပွဲတော်အခမ်းအနား၏ ဖွင့်ပွဲတွင် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မင့်စ်မြို့အခြေစိုက် ပြည်ပသံရုံးများမှ ဖိတ်ကြားထားသည့် သံအမတ်ကြီးများ၊ သံတမန်များနှင့် ဧည့်သည်တော်များအပါအဝင် ဘယ်လာရုစ်နိုင်ငံဒေသအသီးသီးမှ အနုပညာရှင်များ၊ ပြည်ပအနုပညာရှင်များနှင့် ပြည်သူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

