ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုး ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အိမ်နီးချင်းကောင်းဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုသည့် (၂၅) နှစ် မြောက်အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားတက်ရောက် (၁၅-၇-၂၀၂၆၊ မင့်စ်)

ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးသည် ၁၅-၇-၂၀၂၆ ရက်၊ ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ ရုရှားသံရုံး၌ ရုရှားနှင့် တရုတ်နိုင်ငံသံရုံးတို့က ပူးတွဲကျင်းပပြုလုပ်သည့် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အိမ်နီးချင်းကောင်းဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုသည့် (၂၅) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရုရှားသံအမတ်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့က နှုတ်ခွန်းဆက်နှင့် အထိမ်းအမှတ်စကား ပြောကြားခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ဘယ်လာရုစ်နိုင်ငံအစိုးရတာဝန်ရှိသူများ၊ မင့်စ်မြို့အခြေစိုက် သံအမတ်ကြီးများနှင့် သံတမန်များ၊ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။