ဘယ်လာရုစ်နိုင်ငံ အမျိုးသားနေ့နှင့် ဘယ်လာရုစ် နိုင်ငံနှင့် ယူအေအီးနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီးတက်ရောက်

(၂၂-၁၀-၂၀၂၅ ရက်၊ အဘူဒါဘီ)

မြန်မာသံရုံး၊ အဘူဒါဘီမြို့မှ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၂-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) ၁၉၀၀ နာရီ၌ ယူအေအီးနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး H.E. Igor Bely ၏ ဖိတ်ကြားချက်အရ အဘူဒါဘီမြို့ရှိ Radisson Blu Hotel & Resort တွင် ကျင်းပခဲ့သည့် ဘယ်လာရုစ်နိုင်ငံ အမျိုးသားနေ့နှင့် ဘယ်လာရုစ်နိုင်ငံနှင့် ယူအေအီးနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအထိမ်းအမှတ် အခမ်းအနားသို့ ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ အဖွဲ့အစည်းများနှင့် အသင်းများမှ တာဝန်ရှိသူများ၊ အဘူဒါဘီမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဘယ်လာရုစ်နိုင်ငံ၏ နောက်ခံသမိုင်းကြောင်းဆိုင်ရာ ရုပ်သံမှတ်တမ်းများ၊ ယူအေအီးနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍဆိုင်ရာ မှတ်တမ်းများပြသခြင်း၊ ရိုးရာယဉ်ကျေးမှုအက များဖြင့် ကပြဖျော်ဖြေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။