ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ စင်ကာပူသံရုံးယာယီတာဝန်ခံ/ သံရုံးအကြီးအကဲ Mr. Philip Ong အား လက်ခံတွေ့ဆုံ

(၁၃-၁၀-၂၀၂၆၊ ဒါကာ)

မြန်မာသံရုံး၊ ဒါကာမြို့မှ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၁၃-၁၀-၂၀၂၆ ရက်၊ ၁၅:၃၀ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ စင်ကာပူသံရုံးယာယီတာဝန်ခံ/ သံရုံးအကြီးအကဲ Mr. Philip Ong အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိပြောင်းလဲတိုးတက်မှု အခြေအနေများကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။