(၅၉) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၁၉၀၀ နာရီတွင် ဒါကာမြို့ရှိ Renaissance Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ငါးလုပ်ငန်းနှင့်မွေးမြူရေးဝန်ကြီးဌာန၊ Hon’ble Minister H.E. Mr. Mohammed Aminur Rashid က အထူးဧည့်သည့်တော်အဖြစ် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနား အစီအစဉ်များအဖြစ် အာဆီယံ-ဒါကာကော်မတီ (ADC) အလှည့်ကျဥက္ကဌ တာဝန်ယူထားသည့် မလေးရှားသံအမတ်ကြီး၊ ၂၀၂၆ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူထားသော ဖိလစ်ပိုင်သံအမတ်ကြီးနှင့် အထူးဧည့်သည်တော်တို့က အသီးသီးမိန့်ခွန်းပြောကြားခြင်း၊ အာဆီယံနေ့အထိမ်းအမှတ် ဂုဏ်ပြုကိတ်ခွဲကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဒါကာမြို့အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် အခြားဧည့်သည်တော်များ စုစုပေါင်း (၁၅၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


