ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက ဘင်္ဂလားဒေ့ရှ် စွမ်းအင်နှင့်တွင်းထွက်ရင်းမြစ်များဝန်ကြီး H.E. Mr. Iqbal Hassan Mahmood အား ဂါရဝပြုတွေ့ဆုံခဲ့ခြင်း (၂-၈-၂၀၂၆၊ ဒါကာ)

မြန်မာသံရုံး၊ ဒါကာမြို့မှ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ် စွမ်းအင်နှင့် တွင်းထွက်ရင်းမြစ်များဝန်ကြီး H.E. Mr. Iqbal Hassan Mahmood အား စွမ်းအင်နှင့်တွင်းထွက်ရင်းမြစ်များဝန်ကြီးဌာန၌ ၂-၈-၂၀၂၆ ရက်၊ ၁၁၀၀ နာရီတွင် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် စွမ်းအင်ကုန်သွယ်ရေး၊ အိမ်နီးချင်းဆက်ဆံရေး၏ အရေးပါမှုတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ် စွမ်းအင်နှင့်တွင်းထွက်ရင်းမြစ်များဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။