ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Khandakar Abdul Muktadir အား ဂါရဝပြုတွေ့ဆုံခဲ့ခြင်း (၂-၈-၂၀၂၆၊ ဒါကာ)

မြန်မာသံရုံး၊ ဒါကာမြို့မှ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Khandakar Abdul Muktadir အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ၂-၈-၂၀၂၆ ရက်၊ ၁၀:၀၀ နာရီတွင် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ ရေထွက်ကုန်နှင့် ဆန်၊ ဆေးဝါးများ စသည့်ကုန်ပစ္စည်းကုန်သွယ်ရေးကိုတိုးမြှင့်ရေး၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးမြှင့်တင်ရေး၊ Liquefied natural gas (LNG) တင်သွင်းရေးနှင့် နေရပ်စွန့်ခွာသူများ နေရပ်ပြန်ပို့ရေး ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့အပြင် နှစ်နိုင်ငံအကြား ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် နိုင်ငံခြာရေးဝန်ကြီးဌာန၊ မြန်မာရေးရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။