ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၅-၇-၂၀၂၆ ရက်၊ နံနက် ၁၀:၃၀ နာရီမှ ၁၃:၃၀နာရီအထိ ဒါကာမြို့၊ Crowne Plaza Hotel ၌ ကျင်းပခဲ့သည့် (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Ms. Listyowati က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခြင်း၊ အာဆီယံ-ဒါကာကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည့် ASEAN Day (2026) ကျင်းပရေးကိစ္စအပြင် သက်ဆိုင်ရာအာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့်နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေ အနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အာဆီယံ-ဒါကာကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား အင်ဒိုနီးရှား သံအမတ်ကြီးမှ မလေးရှား သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။




